ယခုနှစ်ပြုလုပ်မယ့် Birthday Show ကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတဲ့ စိုင်းစိုင်းခမ်းလှိုင်

2024-04-08 11:00:00 · Cele Times

ယခုနှစ်ပြုလုပ်မယ့် Birthday Show ကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတဲ့ စိုင်းစိုင်းခမ်းလှိုင်


အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေက စိုင်းစိုင်းလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ အဆိုစိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုကို အချိန်ကြာကြာထိန်းထားနိုင်သူတစ်ယောက်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေမရှိခဲ့တဲ့အချိန်မှာတောင် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေခဲ့သူပဲဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ နှစ်တိုင်းဧပြီလ (၁၀)ရက်နေ့ဆို သူရဲ့ Birthday show ကိုပြုလုပ်နေကြဖြစ်ခဲ့ပေမယ့် အခြေအနေတွေကြောင့်ရပ်နားထားခဲ့ရပြီး ယခုနှစ် (၂၀၂၄)ခုနှစ်မှာတော့ ပြန်လည်ပြုလုပ်တော့မှာပဲဖြစ်ပါတယ်။ အဆိုပါပွဲကိုတော့ ရန်ကုန်မြို့ Inya lake Garden မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ဝင်ကြေးကိုတော့ တစ်ဦးလျှင် မြန်မာကျပ်ငွေ တစ်သိန်းနဲ့ ရောင်းချနေတာဖြစ်တယ်လို့လဲသိရပါတယ်။

ပရိသတ်တွေကတော့ အခုလိုခက်ခဲနေတဲ့ခေတ်ကာလမှာ ပွဲဝင်ကြေးအဖြစ် တစ်ယောက်ကိုတစ်သိန်းကျပ်ဖြင့်သတ်မှတ်ရောင်းချမှုကြောင့် ဝေဖန်မှုတွေကိုပြင်းထန်နေတာပဲဖြစ်ပါတယ်။


No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Cele Times
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore