လျှပ်စစ်နဲ့ plug-in hybrid ကားသစ်မော်ဒယ်များစွာကိုမိတ်ဆက်ဖို့ပြင်ဆင်နေတဲ့ FAW Group

2024-05-20 09:30:00 · သောင်းပြောင်းထွေလာ ကားကမ္ဘာ

FAW Group အနေနဲ့လျှပ်စစ်ကားအပါအ၀င် plug-in hybrid ကားသစ်မော်ဒယ်များစွာကိုယခုနှစ်အတွင်းမှာမိတ်ဆက်ဖို့ပြင်ဆင်နေပါတယ်။

Hongqiကားအမှတ်တံဆိပ်သည်သန့်စင်သောလျှပ်စစ်နဲ့plug-in hybrid မော်ဒယ်များစွာအပါအဝင်ကားအသစ်(၁၆)စီးကိုယခု ၂၀၂၄ ခုနှစ်အတွင်းမှာမိတ်ဆက်ဖို့စီစဉ်ထားတာဖြစ်တယ်လို့ Car News China ကဖော်ပြထားပါတယ်။သန့်စင်သောလျှပ်စစ်မော်ဒယ်တွင် EH7(ကုဒ်အမည်E001)၊EHS7(ကုဒ်အမည်E202)၊E-QM5560 မော်ဒယ်အသစ်နဲ့ E-HS9 မော်ဒယ်အသစ်နှစ်မျိုးပါဝင်မှာဖြစ်ပါတယ်။ဒါ့အပြင် plug-in hybrid မော်ဒယ်များတွင် HQ9၊ HS7 နဲ့ HS3 တို့ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်တွင် Hongqi သည်ကားအစီးရေ ၃၇၀,၀၀၀ ကျော်အထိရောင်းချခဲ့ပြီးတစ်နှစ်ထက်တစ်နှစ်(၂၉.၅)ရာခိုင်နှုန်းအထိတိုးလာခဲ့တာဖြစ်တယ်လို့စျေးကွက်မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။

ဒါဟာ Hongqi New Energy အနေနဲ့ကားအစီးရေ ၈၅,၀၀၀ ကျော်‌ရောင်းချခဲ့ရပြီးတစ်နှစ်ထက်တစ်နှစ် ၁၃၅ ရာခိုင်နှုန်းအထိတိုးလာခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။Hongqiကတော့မော် တော်ယာဉ်နဲ့လျှပ်စစ်ဓာတ်အားရရှိရေးရည်မှန်းချက်သည်တစ်စိတ်တစ် ပိုင်းအနေနဲ့စွမ်းအင်သုံးကားအသစ်များကိုအဓိကပံ့ပိုးပေးခြင်းဖြင့်နှစ်စဉ်ကားအစီးရေ(၁.၅)သန်းကျော်အထိရောင်းချနိုင်ဖို့စီစဥ်ထားတာလည်းဖြစ်ပါတယ်။

Hongqi သည် Hongqi New Energy အမှတ်တံဆိပ်ခွဲလက်အောက်ရှိပထမဆုံးသောလျှပ်စစ်ကားအမှတ်တံဆိပ်ဖြစ်ပြီးသူ့ကိုတရုတ်ကားထုတ်လုပ်သူ FAW Group ကပိုင်ဆိုင်ထားတာဖြစ်ပါတယ်။Hongqi ‌မော်ဒယ်တွေကို ၁၉၅၈ ခုနှစ်တွင်စတင်ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့လည်း FAW Group က‌ရေးသားဖော်ပြထားပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    သောင်းပြောင်းထွေလာ ကားကမ္ဘာ
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore