THAI Smile EV Bus ကုမ္ပဏီကအသက် ၁၂ နှစ်အောက်ကလေးငယ်တွေကိုအခမဲ့စီးနင်းခွင့်ပြု

2024-05-19 09:30:00 · သောင်းပြောင်းထွေလာ ကားကမ္ဘာ

THAI Smile EV Bus ကုမ္ပဏီကအသက်(၁၂)နှစ်အောက်ကလေးငယ်တွေကိုအခမဲ့စီးနင်းခွင့်ပြုလိုက်တယ်လို့ The Nation Thailand သတင်းဌာနကြီးကရေးသားဖော်ပြလိုက်ပါတယ်။

ဘန်ကောက်အော်ပရေတာမှထုတ်ပြန်ထားရာတွင်အသက်(၁၂)နှစ်အောက်ကလေးငယ်များသည်ကျောင်းဖွင့်စကာလတွင်မိဘများ၏ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးများကိုဖြေလျှော့ပေးမည့်လှုပ်ရှားမှုတစ်ခုအောက်တွင် Thai Smile လျှပ်စစ်ဘတ်စ်ကားတွေကိုယခုနှစ်၊ဒီဇင်ဘာ(၃၁)ရက်အထိအခမဲ့စီးနင်းနိုင်မှာဖြစ်တယ်လို့ထုတ်ပြန် ကြေညာထားတာဖြစ်ပါတယ်။

ယခုမှနှစ်ကုန်အထိမှတ်ပုံတင်(သို့မဟုတ်)ကျောင်းသားကတ်ပြသနိုင်သည့်(၁၂)နှစ်အောက်ကလေးများသည် Thai Smile ဘတ်စ်ကားကိုအခမဲ့တက်‌ရောက်စီးနင်းနိုင်မှာဖြစ်တယ်လို့ Thai Smile Group ဘက်ကတရား၀င်ထုတ်ပြန်ထားသလိုပုံမှန်အားဖြင့်ကလေးများအတွက်ယာဉ်စီးခကိုထိုင်းဘတ် ၁၀ မှစတင်ကာ ၂၅ ဘတ်အထိသတ်မှတ်ထားတာဖြစ်ပါတယ်။

Thai Smile Group ဘက်ကတော့ကုမ္ပဏီသည်ယခုလနှောင်းပိုင်းတွင်ကျောင်းဖွင့်ချိန်တွင်လူနေမှုစရိတ်များကိုလျှော့ချဖို့စိတ်အားထက်သန်နေပြီးအများပြည်သူသယ်ယူပို့ဆောင်ရေးနည်းလမ်းအ ဖြစ်(၁၀၀)ရာခိုင်နှုန်းလျှပ်စစ်ဘတ်စ်ကားများကိုမြှင့်တင်ပေးလျက်ရှိတယ်လို့ ဆိုထားပါတယ်။

Thai Smile Group သည်ထိုင်းနိုင်ငံတွင်ဘတ်စ်ကားအစီးရေ (၃၀၀၀)ခန့်ကိုပြေးဆွဲလျက်ရှိပြီးဘန်ကောက်နှင့်အနီးနားပြည်နယ်များကိုဝန်ဆောင်မှုပေးနေသည့်သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    သောင်းပြောင်းထွေလာ ကားကမ္ဘာ
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore