ရွေးချယ်စရာပုံစံငါးမျိုးအထိပေးစွမ်းထားတဲ့ 2024 FAW Bestune T55 ဇိမ်ခံ SUV

2024-04-16 14:30:00 · သောင်းပြောင်းထွေလာ ကားကမ္ဘာ

2024 FAW Bestune T55 သည်ကုန်ကျစရိတ်သက်သာပြီးအစွမ်းထက်တဲ့ဇိမ်ခံ SUV ကားအမျိုးအစားဖြစ်ပါတယ်။

Bestune T55 တွင်ရွေးချယ်ရန်ပုံစံငါးမျိုးအထိပေးစွမ်းထားပါတယ်။Bestune T55 ၏အတွင်းပိုင်းသည်စိတ်ကြိုက်ဒီဇိုင်းပုံစံဖန်တီးထားတာဖြစ်ပါတယ်။ပါဝါသတ်မှတ်ချက်အရကားသည်အမြင့်ဆုံးပါဝါ 124kW ကိုထုတ်ပေးမှာဖြစ်ပါတယ်။ယခုမော်ဒယ်တွင် 1.5T 169 မြင်းကောင်ရေအား L4 အင်ဂျင်ကိုတပ်ဆင်ပေး ထားတယ်လို့ဆိုပါတယ်။ဂီယာကတော့ 7-speed dual-clutch ဖြစ်ပါတယ်။

ပြိုင်ကားဆန်သောခံစားမှုကိုမြှင့်တင်ရန်အောက်ခြေနှစ်ဖက်စလုံးတွင်စုစုပေါင်းအိတ်ဇောလေးခုကိုလည်းထည့်သွင်းပေးထားတာဖြစ်ပါတယ်။ထူးခြားချက်တစ်ခုကရှေ့မီးနှစ်ဘက်စလုံးတွင်နှစ်ထပ်ပုံသဏ္ဍာန်ဖြင့်ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။အနိမ့်ဆုံးဗားရှင်းတွင်ပလတ်စတစ်ဘက်စုံသုံးစတီယာရင်ဘီးကိုတပ်ဆင်ထားပြီးအခြားမော်ဒယ်များတွင်သားရေစတီယာရင်ဘီးများကိုတပ်ဆင်ပေးထားပါတယ်။

ယာဥ်၏အတွင်းပိုင်းတွင်(၁၂.၃)လက်မဗဟိုထိန်းချုပ်မှုစခရင်ပါရှိပြီးလမ်းကြောင်းပြခြင်းနဲ့လမ်းအခြေအနေအချက်အလက်ပြသခြင်းစနစ်၊ယာဉ်အင်တာနက်စနစ်4G၊OTAအဆင့်မြှင့်တင်မှု၊အသံမှတ်မိမှု ထိန်းချုပ်မှုစနစ်၊ Wi-Fi ဟော့စပေါ့စသည်ဖြင့် အားလုံးကိုလည်းပံ့ပိုးပေးထားပါတယ်။

2024 Bestune T55 စျေးနှုန်းသည်တရုတ်ယွမ်ငွေအားဖြင့် ၁၅၀,၀၀၀ အထိရှိနိုင်မှာဖြစ်ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    သောင်းပြောင်းထွေလာ ကားကမ္ဘာ
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore