တရုတ်စျေးကွက်အတွက် EV5 မော်ဒယ်တွေကိုစတင်ထုတ်လုပ်နေပြီဖြစ်တဲ့ KIA ကားထုတ်လုပ်‌‌ရေး

2024-04-08 09:30:00 · တစ်ခေတ်ဆန်းစေမယ့် EV အလန်း

တောင်ကိုရီးယားကားထုတ်လုပ်‌‌ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ KIA ကတရုတ်စျေးကွက်အတွက် EV5 ကိုစတင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

KIAကားထုတ်လုပ်‌‌ရေးလုပ်ငန်းအနေနဲ့ဧပြီလ(၁)ရက်နေ့တွင်တရုတ်နိုင်ငံမှာ EV5 ၏ ပို့ကုန်မော်ဒယ်တွေကိုစတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။သူ့ကို Compact Electric SUV မော်ဒယ်အဖြစ်ထုတ်လုပ်သွားမှာဖြစ်သလိုကားကိုဘယ်ဘက်နဲ့ညာလက်မောင်းဈေးကွက်များသို့တင်ပို့ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

KIA EV5 ကိုယမန်နှစ် Guangzhou Auto Show တွင်တရားဝင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီးသူသည် KIA အတွက်ပထမဆုံးသောတရုတ်နိုင်ငံထုတ်ကမ္ဘာလုံးဆိုင်ရာ EV ထုတ်ကုန်ဖြစ်ပါတယ်။ယခုမော်ဒယ်ကုမ္ပဏီ၏ 800V E-GMP ပလက်ဖောင်းကိုအသုံးပြုထားပါတယ်။သို့သော်လည်းပြည်ပစျေးကွက်သို့တင်ပို့ရန်အတွက် ၇၀ ကီလို၀ပ်မော်တာအားတပ်ဆင်ပေးထားပြီးသူသည် ၈.၅ စက္ကန့်မှ ၆.၁ စက္ကန့်အတွင်းအရှိန်ကိုတိုးမြှင့်ပေးနိုင်မယ်လို့ ဆိုပါတယ်။

သူ့ကို All-wheel Drive Version အဖြစ်ထုတ်လုပ်ထားပြီးသူရဲ့ထိပ်တန်းမြန်နှုန်းမှာ 185 km/h ဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံစျေးကွက်သို့တင်ပို့မည့် EV5 လျှပ်စစ်ကားမော်ဒယ်များသည်အကွာအဝေးအားဖြင့် ၅၃၀ ကီလိုမီတာကနေ ၇၂၀ ကီလိုမီတာအထိသွားလာနိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိတရုတ်နိုင်ငံတွင်ယခုမော်ဒယ်ကိုဗားရှင်းခြောက်မျိုးဖြင့်ရောင်းချလျက်ရှိတယ်လို့လည်းဆိုပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    တစ်ခေတ်ဆန်းစေမယ့် EV အလန်း
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore