လက်သည်းလေးတွေကိုဂရုစိုက်ကြမယ်....

2024-04-22 08:30:00 · Nailsify

လက်သည်းလေးတွေကိုဂရုစိုက်ကြမယ်....

Body တစ်ခုလုံးမှာတော်တော်များများဂရုစိုက်ဖို့မေ့နေတတ်ကြတဲ့လက်သည်း၊ခြေသည်းကျန်းမာရေးနဲ့ပတ်သတ်ပြီးပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ လက်သည်း၊ခြေသည်းလေးတွေမသန်မာတဲ့အခါ ထိလွယ်ကျိုးလွယ်ပဲ့လွယ်မို့လို့လက်သည်းထိပ်လေးတွေနာတတ်ကြပါတယ်။

လက်သည်း၊ခြေသည်းထိန်းသိမ်းရတယ်ဆိုတာကလည်းတစ်ကူးတစ်ကကြီးအချိန်ပေးစရာမလိုတာမို့လို့ကိုယ့်ရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေမှာသတိလေးထားပြီးတစ်ချက်ချင်းစီလုပ်ဆောင်သွားရင်တော့ကျန်းမာလှပတဲ့လက်သည်းလေးတွေကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

Direction 1

ပထမဆုံးအချက်ကတော့လက်သည်းလေးတွေကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။လက်သည်းလေးတွေကိုသန့်ရှင်းစွာထားခြင်းဖြင့်လက်ကတစ်ဆင့်ဖြစ်ပေါ်စေမယ့်ကူးစက်ရောဂါတွေကိုပါကာကွယ်ပြီးသားဖြစ်သွားမယ်။လက်ကိုဆေးကြောတဲ့အခါမှာလဲ လက်သည်းလေးတွေကိုလည်းဆေးကြောပေးသင့်ပါတယ်။ ဘယ်လိုမျိုးလဲဆိုရင်သွားပွတ်တံလေးကိုဆပ်ပြာလေးထည့်ပြီးလက်သည်းလေးတွေနဲ့လက်သည်း ကြားလေးတွေကိုညှင်သာစွာပွတ်တိုက်ပေးသင့်ပါတယ်။

Direction 2

ပြီးရင်ကိုယ့်ရဲ့လက်လေးတွေနဲ့လက်သည်းလေးတွေကိုခြောက်သွေ့ကွဲအက်တာမျိုးမဖြစ်အောင်ရေဓာတ်လေးဖြည့်ပေးဖို့လိုအပ်ပါတယ်။ဘယ်လိုရေဓာတ်ဖြည့်တင်းမလဲဆိုရင်သံလွင်ဆီလေးအနည်းငယ်လက်သည်းလေးကြားပွတ်ပေးတာဖြစ်ဖြစ်၊lip balmလေးတွေကိုလက်သည်းလေးတွေေပေါ်ပွတ်သပ်ပေးတာဖြစ်ဖြစ်လုပ်ပေးဖြင့်စိုစိုအိအိလေးဖြစ်ပြီး တော့ရေဓာတ်ပြည့်ဝစေမှာပဲဖြစ်ပါတယ်။

Direction 3

နောက်တစ်ချက်ကတော့လက်သည်းကိုကိရိယာအနေနဲ့မသုံးပါနဲ့။ဥပမာလက်သည်းကိုအသုံးပြုပြီးမာကျောသောအရာများကိုကိုင်တွယ်ဖြေရှင်းတာမျိုးပေါ့။နောက်ပြီးတော့ ပန်းကန်တွေဆေးကြောတဲ့အခါမှာလဲလက်အိတ်လေးစွပ်ပြီးဆေးကြောပေးသင့်ပါတယ်။တစ်ခါတစ်လေအနည်းငယ်ဆေးကြောရတဲ့သူတွေကိုမဆိုလိုပါဘူး။နေ့တိုင်းအရေအတွက်အများအပြားဆေးကြောရတဲ့သူတွေဆိုရင် လက်အိတ်လေးစွပ်ပြီးမှဆေးကြောဖို့အကြံလေးပေးပါရစေနော်။

Direction 4

လက်သည်းလေးတွေကိုကိုက်ပြီးမညှပ်ပါနဲ့။လက်သည်းကိုက်တာက  ကိုယ့်ရဲ့လက်သည်းလေးတွေကိုမလှမပဖြစ်စေတဲ့အပြင်ဝမ်းဗိုက်နဲ့ပတ်သတ်ပြီးတော့ရောဂါတွေကိုပါ buy 1 get 1အနေနဲ့ရရှိစေမှာပဲဖြစ်ပါတယ်။ကိုယ့်လက်သည်း၊ခြေသည်းလေးတွေကမာလို့ ညှပ်ရာမှာအခက်တွေ့နေတယ်ဆိုရင်အတင်းကြီးချိုးဖဲ့ပြီးအားသွန်ခွန်စိုက်မညှပ်ပါနဲ့။မညှပ်ခင်မှာနွေးနွေးလေးရှိတဲ့ရေထဲကိုဆားခတ်ပြီး၅ မိနစ်ကနေ ၁၀ မိနစ်အတွင်းစိမ်ထားပြီးညှပ်တာကပိုမိုလွယ်ကူသက်သာစေမှာပါ။

Direction 5

လက်သည်းအဆိုးများတဲ့သူလေးတွေဆိုရင်လည်းကိုယ့်လက်သည်းလေးကပါးလာပြီးတော့လက်သည်းလွှာလေးတွေကအလွှာအလွှာလေးတွေဖြစ်ပေါ်လာပြီဆိုရင်လက်သည်းလေးတွေကအဝါရောင်ဘက်သန်းနေပြီဆိုရင်လက်သည်းဆိုးတာလေးတွေခဏနားပြီးအပေါ်ကလက်သည်းထိန်းသိမ်းနည်းအချက်လေးတွေကိုပြန်လည်လုပ်ပေးသင့်ပါတယ်နော်။လှပပြီးကျန်းမာတဲ့လက်လေးတွေကကိုယ့်အတွက်ကောင်းမွန်တဲ့လက်ကမ်းကြိုဆိုမှုတွေကိုခေါ်ဆောင်ပေးတာမို့လို့လက်ကလေးတွေကိုဂရုစိုက်လိုက်ကြရအောင်နော်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Nailsify
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore