ကိုယ့်အသားအရည်အလိုက် Toner ကိုဘယ်လိုရွေးချယ်အသုံးပြုကြမလဲ....

2024-04-12 08:30:00 · Shineology

ကိုယ့်အသားအရည်အလိုက် Toner ကိုဘယ်လိုရွေးချယ်အသုံးပြုကြမလဲ....

skin careမယ်ဆိုရင်လုံးဝအခြေခံကျတဲ့အချက်က Toner သုံးပေးဖို့ပဲဖြစ်ပါတယ်။Tonerကကိုယ့်မျက်နှာအရေပြားပေါ်ကချွေးပေါက်တွေကြားထဲကအညစ်အကြေးတွေနဲ့အဆီတွေကိုဖယ်ရှားပေးတာကြောင့်မိတ်ကပ်နေ့တိုင်းလိမ်းနေရသူတွေဆိုရင်Double Cleaning သေချာလုပ်ပြီးတာနဲ့ toner ကိုအသုံးပြုပေးဖို့လိုပါတယ်။Tonerအသုံးပြုတဲ့အခါလည်းသတိထားရမှာက toner အတွက်အသုံးပြုဖို့ထုတ်ထားတဲ့ဂွမ်းနဲ့မျက်နှာလေးကိုပင့်တင်ပြီးအသုံးပြုပေးသင့်ပါတယ်။ဒီနည်းလမ်းကtoner အကုန်များတဲ့နည်းလမ်းလေးဖြစ်ပေမယ့်ပိုပြီးအာနိသင်ထူးခြားစေတဲ့နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။

Hydrating Toner

Hydrating Tonerဆိုရင်ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်လေးတွေအတွက်ပဲဖြစ်ပါတယ်။အသားအရည်ကရာသီမရွေးအဖတ်လေးတွေလှန်တတ်တာတို့မိတ်ကပ်လိမ်းရင်စွဲရပြုရခက်ခဲတတ်တဲ့အသားအရည်ပိုင်ရှင်လေးတွေအတွက်လိုအပ်တဲ့ရေဓာတ်ကိုဖြည့်တင်းပေးပါတယ်။အသားအရည်ကခြောက်သွေ့ပြီးသားမို့
Alcohol ပါတဲ့ toner မျိုးကိုရှောင်သင့်ပါတယ်။Nourishing Oil နဲ့ Moisturizer ပါတဲ့ Toner အမျိုးအစားကို သုံးပေးရပါမယ်။

Refreshing Toner

Refreshing Toner ကတော့ အဆီပြန်တဲ့အသားအရည်ပိုင်ရှင်လေးတွေအတွက်ဖြစ်ပါတယ်။အဆီဓါတ်ကိုထိန်းချုပ်ပေးပြီးတော့ရေဓာတ်ကိုမျှတစွာပြန်လည်ဖြည့်တင်းပေးပါတယ်။အဆီပြန်တဲ့အသားအရည်ပိုင်ရှင်လေးတွေကတော့Oil Free ပါတဲ့အမျိုးအစားကိုရွေးချယ်ပြီးသုံးပေးသင့်ပါတယ်။AHAs နဲ့ Salicylic Acid ပါတဲ့ အမျိုးအစားကိုလည်း အသုံးပြုနိုင်ပါတယ်။

Gentle Toner

Gentle Toner  ကတော့ sensitive ဖြစ်တဲ့အသားအရည်ပိုင်ရှင်လေးတွေအတွက်ဖြစ်ပါတယ်။ဒီအသားအရည်ပိုင်ရှင်လေးတွေကတော့alcohol ပါဝင်တာတွေ အနံ့ပါဝင်တဲ့toner အမျိုးအစားတွေကိုအထူးတလည်ရှောင်ကျဉ်ပေးဖို့လိုအပ်ပါတယ်။

Combination skin

Combination skin ပိုင်ရှင်လေးတွေကတော့ ရာသီဥတုအပြောင်းအလဲလေးပေါ်မူတည်ပြီး ပြောင်းလဲအသုံးပြုပေးသင့်ပါတယ်။နွေရာသီဆိုရင် Refreshing toner ဆောင်းရာသီဆိုရင် hydrating toner ကိုအသုံးပြုပေးသင့်ပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Shineology
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore