ကိုယ့်မျက်နှာအသားအရည်နဲ့လိုက်ဖက်တဲ့ မျက်နှာသစ်ဆပ်ပြာတွေက......

2024-04-09 08:30:00 · Shineology

ကိုယ့်မျက်နှာအသားအရည်နဲ့လိုက်ဖက်တဲ့ မျက်နှာသစ်ဆပ်ပြာတွေက......

မျက်နှာသစ်ဆပ်ပြာရွေးချယ်မှုမှားရင်လည်း skincare ဘယ်လောက်လုပ်လုပ် အသုံးဝင်မှာမဟုတ်ပါဘူးနော်။ကိုယ့်မျက်နှာအသားအရည်ခွဲနည်းကို  https://www.mp-yps.com/beauty/detail/1775802569783037952 ဒီမှာသွားရောက်ဖတ်လို့ရပါတယ်နော်။ကိုယ့်မျက်နှာအသားအရည်ရဲ့လိုအပ်ချက်အလိုက် အသုံးပြုပေးမယ်ဆိုရင် တောက်ပရှင်းလင်းတဲ့မျက်နှာအသားအရည်ကိုရရှိမှာပဲဖြစ်ပါတယ်နော်။

Gel Type Cleanser

Gel Cleanser တွေက Gel Type ဖြစ်တဲ့အတွက် ရေဓာတ်ကိုအခြေခံပြီးထုတ်ထားတဲ့အမျိုးအစားဖြစ်ပါတယ်။အရောင်အရလည်းကြည်ကြည်လေးရှိပြီးတော့ Texture အရလည်းအိတုံအိတုံခံစားချက်ကိုရရှိမှာဖြစ်ပါတယ်။Normal,Sensitive နဲ့Dry Skin သမားတွေအသုံးပြုပေးသင့်ပါတယ်။

Cream Type Cleanser

ဒီမှာတော်တော်များများရောင်းတန်းဝင်ပြီးအသုံးပြုတာများတာကတော့ Cream Typeပဲဖြစ်ပါတယ်။Cream type ကကြတော့ အဆီဓာတ်အနည်းငယ်ပါပြီးတော့ ရေဓာတ်ဖြည့်ပေးနိုင်တဲ့အစွမ်းသတ္တိတွေရှိပါတယ်။Texture အရ ခပ်ပြစ်ပြစ်လေးရှိပြီးတော့ Cream type မို့လို့ Cream လေးတစ်ခုလိုခံစားရရှိမှာပဲဖြစ်ပါတယ်။ဒီအမျိုးအစားကိုတော့ Normal,Dry,Oily Skin type တွေအသုံးပြုနိုင်ပြီးတော့ ပါဝင်ပစ္စည်းအပေါ်မူတည်ပြီးကွဲပြားစွာသုံးစွဲနိုင်ပါတယ်။

Oil Cleanser

Oil Cleanser တွေကတော့ Makeup တွေအများကြီးလိမ်းတတ်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။မျက်နှာအစိုဓာတ်ကိုထိန်းသိမ်းပေးနိုင်တာကြောင့် အသုံးပြုပြီးပြီးချင်း နုအိနေတဲ့ခံစားချက်ကိုရရှိမှာဖြစ်ပါတယ်။သူကကြတော့ Normal to Sensitive Skin ထိအကုန်အသုံးပြုနိုင်ပါတယ်။

Clay Cleanser

Clay Cleanser တွေကတော့ Oily Skin အတွက်ထုတ်လုပ်ထားတာဖြစ်ပြီးတော့ မျက်နှာပေါ်မှာရှိတဲ့အဆီတွေကိုဖယ်ရှားပေးနိုင်ပါတယ်။အရောင်အားဖြင့် အမည်းနဲ့ခဲရောင်ရှိတတ်ပြီးတော့ Texture အရ Cream type အမျိုးအစားဖြစ်ပါတယ်။

ဆပ်ပြာခဲ

ဆပ်ပြာခဲကြတော့ သူ့မှာပါတဲ့ အညွှန်းစာကိုဖတ်ပြီးတော့ ကိုယ့်အသားအရည်နဲ့လိုက်ဖက်တဲ့အမျိုးအစားကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။သူကကြတော့ တစ်ခဲဝယ်ပြီးအကြာကြီးအသုံးပြုနိုင်တာမို့လို့ Budget ချိန်တတ်တဲ့သူလေးတွေအတွက်ပိုမိုသင့်တော်လှပါတယ်။


No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Shineology
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore