ချွေးပေါက်ကျယ်ရတာဘာလို့လဲ.....

2024-04-08 08:30:00 · Shineology

ချွေးပေါက်ကျယ်ရတာဘာလို့လဲ.....

ချွေးပေါက်ကျယ်တွေကိုအဆီပြန်တဲ့အသားအရည်တွေမှာအများဆုံးတွေ့ရတတ်ပါတယ်။ချွေးပေါက်ကျယ်ခြင်းကဝက်ခြံနဲ့အဆီထွက်နှုန်းကိုပိုမိုဖြစ်ပေါ်စေပြီးတော့ အသားအရည်ပွပွကြီးလို့ခံစားမှုမျိုးကိုဖြစ်စေတဲ့အတွက် ချွေးပေါက်ကျယ်ခြင်းကိုဘယ်လိုကာကွယ်ကုသလို့ရမလဲဆိုတာလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

အကြောင်းအရင်း

ချွေးပေါက်ကျယ်ရတဲ့အကြောင်းအရင်းကတော့ နေလောင်တာတွေကနေဖြစ်ပေါ်တတ်ပြီးတော့ ဟော်မှုန်းအပြောင်းအလဲတွေနဲ့ အသက်အရွယ်ကြီးရင့်မှုကြောင့်လဲဖြစ်တတ်ပါတယ်။ဒါမှမဟုတ်ရင်လည်း ကိုယ့်အသားအရည်ကိုက အဆီပြန်တဲ့အသားအရည်ဖြစ်တာမို့လို့လဲ ချွေးပေါက်ကျယ်တတ်ပါတယ်။ချွေးပေါက်အနီးတဝိုက် elasticity လျှော့နည်းလာတဲ့အတွက်လည်း ဖြစ်တတ်သလို မျက်နှာမွှေးညှင်းပေါက် အမွှေးတွေကြီးလာကြောင့်လည်းဖြစ်တတ်ပါတယ်။

ဘယ်လိုကာကွယ်ကုသနိုင်မလဲ...

အပြင်ထွက်ရင် sunscreen ကိုမဖြစ်မနေလိမ်းပေးသင့်ပြီးတော့ Double Cleansing ကိုသေသေချာချာပြုလုပ်ပေးသင့်ပါတယ်။Exfoliating,Clay Mask တွေကိုသေချာအသုံးပြုပေးသင့်ပါတယ်။Toner ကိုသေသေချာချာအသုံးပြုပေးသင့်ပြီးတော့ Sheet Mask လေးတွေကိုလည်း ဂရုတစိုက်အသုံးပြုပေးသင့်ပါတယ်နော်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Shineology
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore