Skin Type

2024-04-06 08:30:00 · Shineology

Skin Type

Skin Care ရွေးချယ်တာပဲဖြစ်ဖြစ် Makeup ရွေးချယ်တာပဲဖြစ်ဖြစ် ကိုယ့်မျက်နှာအသားအရည်ကဘာလဲဆိုတာသိဖို့အရမ်းအရေးကြီးပါတယ်။ကိုယ့်မျက်နှာအသားအရည်အမျိုးအစားကိုမသိဘဲ သုံးမိတာမျိုးဆို မတည့်ဘဲ တန်ဖိုးထက်လက်ခကြီးမယ့်အဖြစ်မျိုးဖြစ်သွားမှာမို့လို့ ဒီကနေ မျက်နှာအသားအရည်ဘယ်နှစ်မျိုးရှိလဲ၊ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာလေးပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

မျက်နှာအသားအရည်ပုံစံများ

များသောအားဖြင့် မျက်နှာအသားအရည်ပုံစံတွေက အောက်မှာဖော်ပြထားတဲ့ ၄မျိုးရှိပါတယ်။

✔️Normal Skin - ပုံမှန်အသားအရည်

✔️Dry Skin - ခြောက်သွေ့အသားအရည်

✔️Oily Skin - အဆီပြန်သောအသားအရည်

✔️Combination Skin - T zone အဆီပြန်

( T Zone - နဖူး ၊ နှာခေါင်း ၊ မေးစေ့ )

ဘယ်လိုခွဲကြမလဲ

အဲ့တော့ ကိုယ့်အသားအရည်ကဘာလဲဆိုတာမသိသေးသူတွေအတွက် အလွယ်ကူဆုံးခွဲနည်းလေးပြောပြပေးသွားပါမယ်။အရင်ဆုံးမျက်နှာသစ်လိုက်ပါ။မျက်နှာသစ်ပြီး ရေခြောက်အောင်သုတ်ပြီး ဘာမှမလိမ်းဘဲ မိနစ် ၃၀ လောက်ထားပါ။အဲ့ခါကြရင်ကိုယ့်မျက်နှာမှာ အဆီပြန်သွားလား တင်းတင်းကြီးနဲ့ခြောက်ခြောက်ကြီးဖြစ်သွားလား T Zone ပဲအဆီပြန်သွားလားဆိုတာဆန်းစစ်ကြည့်ပြီးခွဲလို့ရပါတယ်။


No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    Shineology
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore